Notice: Function wp_enqueue_script was called incorrectly. Scripts and styles should not be registered or enqueued until the wp_enqueue_scripts, admin_enqueue_scripts, or login_enqueue_scripts hooks. This notice was triggered by the nfd_wpnavbar_setting handle. Please see Debugging in WordPress for more information. (This message was added in version 3.3.0.) in /home1/bawdiwik/public_html/tipitaka/wp-includes/functions.php on line 6078
တိပိဋက – ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု

တိပိဋက

ပိဋက သုံးပုံ ပါဋိတော် မိတ်ဆက်

လေးဆယ့်ငါးဝါပတ်လုံး မြတ်ဗုဒ္ဓဟောကြားဆုံးမတော်မူခဲ့သော ဒေသနာများကို စုပေါင်း၍ ပါဠိဘာသာစကားဖြင့် သုတ်၊ဝိနည်း၊အဘိဓမ္မာဟူ၍ ခွဲခြားသတ်မှတ်ပြီး နိကာယ်ငါးရပ်ပိဋကတ်သုံးပုံပြုလုပ်ထားသောအရာကို တိပိဋကဟု ခေါ်ခြင်းဖြစ်သည်။

ဘုရားလက်ထက်တော်အခါ သက်ရှိထင်ရှားဖြစ်တော်မူသော ရဟန္တာအရှင် ကောင်းအရှင်မြတ်များသည် လက်ရှိပုံစံအတိုင်း တိပိဋကခေါ် ပိဋကသုံးပုံကို ပြုစုမှတ်တမ်းတင်ထာခဲ့ကြသည်။

မြတ်စွာဘုရားကား ပရိနိဗ္ဗာန်ပြုသွားပြီဖြစ်သည်။ သို့သော် ထူးကဲမွန်မြတ်လှစွာ ဓမ္မဒေသနာတော်များကတော့ လူသားများအကျိုးငှါ မခြွင်းမချန် ဟောတော်မူထားရစ်သည့်အတိုင်း သန့်ရှင်းစင်ကြယ်လှစွာ ယခုထက်တိုင်အောင် ကောင်းစွာတည်ရှိနေသည်။

မြတ်စွာဘုရားကိုယ်တော်တိုင် လက်ရေးနဲ့ရေးထားတဲ့စာအဖြစ် ထားခဲ့ခြင်းမဟုတ်သော်လည်း ထင်ရှားလှသည့် တပည့်သာဝကကြီးများသည် ထိုတရားဒေသနာတော်များကိုမပျောက်မပျက် ထိန်းသိမ်းရန်အတွက် ပထမတွင် နှုတ်တိုက်အာဂုံဆောင်ထားမှတ်သားထားခဲ့ကြသည်။ တစ်ဆက်ပြီးတစ်ဆက် အာဂုံဆောင်နည်းဖြင့် လက်ဆင့်ကမ်းသင်ကြားပေးခဲ့ကြသည်။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုသွားတဲ့အခါ အချိန်မဆိုင်းပဲ ရဟန္တာအရှင်မြတ်ကြီးငါးရာသည် စုဝေးပြီးပထမသင်္ဂါယနာအမည်တွင်သော သဘင်ကြီးဆင်နွှဲပြီး သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ မြတ်စွာဘုရားဟောကြားတော်မူသမျှ တရားတော်များကို အနီးကပ်ပြုစုခွင့်ရသော အရှင်အာနန္ဒာကိုယ်တော်ကြီးသည် ကြားဖူးခဲ့သမျှ ဓမ္မဒေသနာတော်များကို ဧဝံ မေ သုတံ ဆို သုတ္တန်ပိုင်းကို ဖတ်ပြတော်မူရသည်။ ဥပါလိအရှင်မြတ်သည် ၀ိနည်းဒေသနာတော်

များကို သူမှတ်သားထားခဲ့သမျှ ရွတ်ဖတ်တော်မူရသည်။

ပထမသင်္ဂါယနာတင်ပြီးနောက် အနှစ်တစ်ရာကြာတဲ့အခါ ကာလာသောကမင်း လက်ထက်တွင် တချို့သာဝကကြီးများက ၀ိနည်းသိက္ခာပုဒ်အငယ်အချို့ကို ပြုပြင်ရန် လိုလာပြီဟု ထင်မြင်တော်မူခဲ့ကြသည်။ ရှေးမထေရ်များ၏အလိုကို သဘောကျတော် မူသော မထေရ်များသည် ၀ိနည်းသိက္ခာပုဒ်တွေကို ဘာတစ်ခုမျှ ပြုပြင်ပြောင်းလဲစရာမလိုဘူးဟု ယူဆတော်မူကြသည်။ ထိုအချိန်မှစ၍ အယူအဆမတူသော ဂိုဏ်းဂဏကွဲများ စတင်ပြီး ပေါ်ပေါက်ဖို့ရန် အစို့အညှောက် အကြောင်းခြင်းရာ ပေါ်ပေါက်လာသည်။ ဒုတိယသင်္ဂါယနာတွင် ၀ိနည်းသိက္ခာပုဒ်များအပေါ်တွင် အခြေတည်၍ ဆွေးနွေးခဲ့ကြသည်။ သုတ္တန်ဒေသနာအပေါ်တွင် အငြင်းပွားခြင်း မတွေ့ရပေ။

ဘီစီသုံးရာလောက်အရောက်တွင် အသောကဧကရာဇ်ဘုရင်ကြီးလက်ထက် တတိယသင်္ဂါယနာတင်တော်မူခဲ့ကြသည်။ သံဃာအစုအဖွဲ့များကြားတွင် ပေါ်ပေါက်နေသော အမြင်အယူအဆကွဲပြားမှုများကို တတိယသင်္ဂါယနာတွင် ဆွေးနွေးခဲ့ကြသည်။ ထိုသင်္ဂါယနာတွင် ဆွေးနွေးချက်များသည် ၀ိနည်းဒေသနာနှင့်သာ သက်ဆိုင်ကြသည် မဟုတ်တော့ဘဲ သုတ္တန်ဒေသနာတော်များနှင့်လည်း ဆက်နွှယ်ဆွေးနွေးခဲ့ကြပါသည်။ ထိုသင်္ဂါယနာပွဲကြီးအပြီးတွင် သင်္ဂါယနာ၏ဥက္ကဌ(နာယက)ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးသည် ကထာဝတ္ထုခေါ်သော အဘိဓမ္မာကျမ်းကို ပြုစုတော်မူသည်။ ထိုကျမ်းတွင် အယူလွဲ အယူမှားများကို သုတ်သင်ရှင်းလင်းတော်မူသည်။ ဘီစီ ၈၀ဝ ဂါမဏိမင်းလက်ထက်တွင် ကျင်းပသော စတုတ္ထသင်္ဂါယနာကို သီရိလင်္ကာနိုင်ငံတွင် ပြုလုပ်ခဲ့သည်။

သီရိလင်္ကာမှာ ကျင်းပသော ဒီသင်္ဂါယနာပွဲတွင် တိပိဋကခေါ် ပိဋကသုံးပုံကို စတင်ပြီးပေထက်အက္ခရာတင်တော်မူခဲ့သည်။ ဗုဒ္ဓဒေသနာတော်များကို စုစည်းထားသော ပိဋကသုံးပုံထဲတွင် သုံးပုံ၊ သုံးပိုင်းပါရှိသည်။ ၀ိနည်းပိဋက တစ်ပိုင်း၊ သုတ္တန်ပိဋက တစ်ပိုင်း၊အဘိဓမ္မာပိဋက တစ်ပိုင်းတို့ဖြစ်ကြသည်။

၀ိနည်းပိဋကတွင် ဘိက္ခုသံဃာတော်များ၊ ဘိက္ခုနီမများနှင့် သက်ဆိုင်သော ဥပဒေစည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ဖေါ်ပြထားသည်။ ထိုအပိုင်းတွင် သာသနာတဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာပုံကို ခရေစေ့တွင်းကျအသေးစိတ်ဖေါ်ပြထားသည်။ မြတ်ဗုဒ္ဓ၏ဘဝနှင့် သာသနာပြုလုပ်ငန်းများအကြောင်း ဗုဒ္ဓဝင်ဖြစ်ရပ်များကိုလည်း ၀ိနည်းပိဋကတ်တွင် ဖေါ်ပြထားတာဖြစ်သည်။ သွယ်ဝိုက်သောအားဖြင့် ၀ိနည်းပိုင်းတွင် ရှေးကျသော အိန္ဒိယနိုင်ငံသမိုင်း၊ ဓလေ့ထုံးစံများ၊ အတတ်ပညာများကိုပါ ဖေါ်ပြထားသည်။

သဗ္ဗညုတဉာဏ်ကို မဟာဗောဓိပင်တွင် အောင်မြင်တော်မူခဲ့ပြီးနောက် အနှစ်နှစ်ဆယ်ပတ်လုံး မြတ်စွာဘုရားသည် သံဃာတော်များအတွက် ၀ိနည်းသိက္ခာပုဒ်များကို ပြဌာန်းသတ်မှတ်တော်မူခဲ့ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် အခါအခွင့် ပေါ်လာ၍ မြတ်စွာဘုရားသည် သာသနာအဓွန့်ရှည်တည်တံ့ဖို့ရန် ဥပဒေစည်းမျဉ်းများကို ပြဌာန်းတော်မူလာခဲ့သည်။

ဝိနည်း ပိဋက

ဝိနည်းပိဋကတ်တော်ထဲတွင် အောက်ပါကျမ်းများ ပါဝင်ပါသည်။

၁။ ပါရာဇိကဏ်       (အပြစ်ကြီးများ)

၂။ပါစိတ်                (အပြစ်ငယ်များ)

၃။မဟာဝဂ္ဂ             (အပိုင်းကြီး)

၄။စူဠဝဂ္ဂ                 (အပိုင်းငယ်များ)

၅။ပရိဝါရ                (၀ိနည်းအကျဉ်းသင်္ခေပ)

သုတ္တန်ပိဋက

သုတ္တန်ဒေသနာတွင် မြတ်ဗုဒ္ဓ အခါအားလျော်စွာ ဟောကြားတော်မူသော တရားများကိုစုစည်းတင်ပြထားသောအပိုင်း ဖြစ်သည်။ ထိုသုတ္တန်များထဲတွင် ဗုဒ္ဓ၏ ထင်ရှားသောတပည့်သာဝကကြီးများ ဟောကြားတော်မူသောတရားအချို့လည်းပါဝင်ပါသည်။အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ၊ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်စသည့် မထေရ်များ ဟောကြားသော တရားဒေသနာများဖြစ်သည်။ သုတ္တန်တရားများတွင် အနာနှင့် ဆေးတည့်အောင်ပေးထားသော ကာလ၊ဒေသနှင့်ပုဂ္ဂိုလ်စရိုက်ကို လိုက်၍ ဟောထားသော ဆေးစာညွှန်းနှင့်တူသော ဓမ္မဒေသနာများ ဖြစ်ကြသည်။အခါအခွင့်အားလျော်စွာပုဂ္ဂိုလ်၏ စရိုက်ကိုလိုက်၍ ဟောထားသော ဆေးစာညွှန်းနှင့်တူသည့် တရားများဖြစ်သည့်အတွက် တချို့တရားနှင့် တချို့တရားများသည် ဝိရောဓိသဘော ဆန့်ကျင်နေသယောင် ဖြစ်နေခြင်းများ ပါတတ်ပါသည်။ တလွဲ အဓိပ္ပါယ် မဖွင့်သင့်ပေ။

သုတ္တန်ပိဋကကို နိကာယ်ငါးရပ်ဖြင့် ခွဲခြားဖေါ်ပြထားပါသည်။ နိကာယ်ဆိုသည်မှာ အစုအပေါင်းဟု ဆိုလိုသည်။ ပါဝင်သောနိကာယ်များ –

၁။ဒီဃနိကာယ်                 (ရှည်လျားတဲ့သုတ္တန်အပေါင်း)

၂။မဇ္စျိမနိကာယ်                (မတိုမရှည်သုတ္တန်အပေါင်း)

၃။သံယုတ္တနိကာယ်            (သဘောတူရာဆိုသောသုတ္တန်အပေါင်း)

၄။အင်္ဂုတ္တရနိကာယ်             (အရေအတွက်အားဖြင့်ပြသောသုတ္တန်အပေါင်း)

၅။ခုဒ္ဒကနိကာယ်                (ငယ်သောသုတ္တန်အပေါင်း)

နိကာယ်ငါးရပ်တွင် ထပ်မံ၍ ကျမ်း(၁၅)မျိုး ခွဲပြထားပါသည်။

၁။ခုဒ္ဒကပါဌ  (Shorter text)

၂။ဓမ္မပဒ       (The way of Truth)

၃။ဥဒါန         (Heartfelt sayings)

၄။ဣတိဝုတ္တက (Thus said Discourse)

၅။သုတ္တနိပါတ (Collected Discourses)

၆။၀ိမာနဝတ္ထု (Stories of Celestial Mansions)

၇။ပေတဝတ္ထု (Stories of Petas)

၈။ထေရာဂါထာ (Psalms of the Brothers)

၉။ထေရီဂါထာ (Psalms of the Sisters)

၁၀။ဇာတက   (Birth Stories)

၁၁။နိဒ္ဒေသ    (Expositions)

၁၂။ပဋိသမ္ဘိဒါ  (Analytical Knowledge)

၁၃။အပါဒါန   (Lives of Saints)

၁၄။ဗုဒ္ဓဝံသ    (History of The Buddha)

၁၅။စရိယာပိဋက (Modes of Conduct)

အဘိဓမ္မပိဋက

လေးနက်စွာ တွေးခေါ်တတ်သူများအတွက် အဘိဓမ္မာသည် အရေးကြီးဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ပိဋကဖြစ်သည်။ အဘိဓမ္မာထဲတွင် ပိုရှင်းပြီး နားလည်းလွယ်သော သုတ္တန်ပိဋကနှင့် နှိုင်းယှဥ်လျှင် ပိုပြီးလေးနက် ပညာသားပါသော အတွေးအခေါ်ဒဿနများပါ

ဝင်ပါသည်။

သုတ္တန်ပိဋကထဲတွင် မကြာခဏ လူပုဂ္ဂိုလ်စသည်ကို ရည်ညွှန်းပြီး ဟောကြားသကဲ့သို့ မကြာခဏတွေ့မြင်ရသည်။ အဘိဓမ္မာထဲကျတွင် သမုတိသစ္စာကို ဖေါ်ပြသောစကားလုံးများအစား ပရမတ္ထသစ္စာကို ဖေါ်ပြသော (ပုဂ္ဂိုလ်သတ္တဝါကို မဖေါ်ပြဘဲ)ခန္ဓာငါး

ပါး၊ ရုပ်နာမ်နှစ်ပါးဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ တွေ့ကြရသည်။ သုတ္တန်ပိဋကထဲတွင် ဝေါဟာရဒေသနာလို့ခေါ်သော သမုတိသစ္စာကိုပြသော ဟောကြားချက်များကို တွေ့ရတသည်။ အဘိဓမ္မာထဲတွင် ပရမတ္ထဒေသနာခေါ်သော အကြွင်းမဲ့ သစ္စာတရားနဲ့ဆိုင်သော ဟောပြောချက်တွေသာ တွေ့ရသည်။

အဘိဓမ္မာထဲမှာ အရာရာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ဟောတော်မူပါတယ်။ ဒါကြောင့် အဘိဓမ္မာကို ခွဲခြမ်းစိတ်ဖြာတဲ့တရား (၀ိဘဇ္ဇဝါဒ)လို့ ခေါ်ကြတာဖြစ်တယ်။

အဘိဓမ္မာထဲတွင် ပရမတ္ထသစ္စာလေးပါးကို ရေတွက်ပြထားသည်။ စိတ်(consciousness)၊ စေတသိက်(mental concomitants)၊ရုပ်(matter)၊နိဗ္ဗာန် (extinction of all Sufferings) တို့ ဖြစ်သည်။

ဒီအဘိဓမ္မာဒေသနာတွင် ပုဂ္ဂိုလ်သတ္တဝါဟုခေါ်သော ဖြစ်တည်ခြင်း သဘောကို အနုစိတ်ခွဲခြမ်းစိတ်ဖြာပြထားသည်။ အစိတ်အပိုင်းတစ်ခုစီကိုလည်း ခရေစေ့တွင်းကျ ဖေါ်ပြထားသည်။ နောက်ဆုံးတွင် ရောက်ရမည့် ဘဝပန်းတိုင်သဘောကို၎င်း၊ ထိုပန်းတိုင်ကို ဆိုက်ရောက်ကြောင်းနည်းလမ်းကောင်းကို၎င်း လိုအပ်တဲ့အသေးစိတ်အချက်အလက်မှန်သမျှကို ရှင်းလင်းဖေါ်ပြထားသည်။

အဘိဓမ္မပိဋကတွင် ပါဝင်သော ကျမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဓမ္မသင်္ဂဏီ    (Enumeration of Phenomena)

၂။ဝိဘင်္ဂ            (The Book of Treatises)

၃။ကထာဝတ္ထု    (Points of controversy)

၄။ပုဂ္ဂလပညတ်   (Description of Individuals)

၅။ဓာတုကထာ    (Discourses on Elements)

၆။ယမိုက်           (The Book of Pairs)

၇။ပဌာန်း            (The Book of Relations)

Dr. k sridha mmanda

(ဦးဆန်းလွင်)